Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 19, 2026

ပုလဲမြို့မှာ တော်လှန်ရေးဘက်က မြို့ကိုထိန်းချုပ်လုနီးပါးရှိနေပြီး စစ်ကောင်စီက လေကြောင်းကနေ ပြန်လည်ခုခံနေပါတယ်

နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ပုလဲမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ထိတိုက်ပွဲတွေ ဖြစ်နေပြီး သုံးရက်မြောက်ပြီဖြစ်တဲ့ ပုလဲတိုက်ပွဲကို စစ်ကောင်စီက လေကြောင်းကနေ ပြန်လည်ခုခံဖို့ကြိုးစားနေပါတယ်။ ပုလဲမြို့ကို ဗိုလ်နဂါးခေါင်းဆောင်တဲ့ BNRAတပ်တွေက စီးနင်းတိုက်ခိုက်နေရာ၊ စစ်အုပ်စုဘက်က အထိနာနေတာပါ။ ခုဆိုရင်တော်လှန်ရေးတပ်တွေဟာ လျှပ်စစ်ရုံးအပါအဝင် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးအထိ စိုးမိုးထားနိုင်ပြီး စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကို သတိထားနေရပါတယ်။ နိုဝင်ဘာ ၁၁ ရက်မှာ တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ၅ကြိမ် ဗုံးအလုံး ၂၀၊ ဒီနေ့မှာတော့ မနက် ၈နာရီ ၂၂မိနစ်မှာ ဂျက်ဖိုက်တာနဲ့ဗုံးသီး၃လုံး၊ မနက် ၁၁နာရီ ၄၈မိနစ်မှာ ဂျက်ဖိုက်တာ၊ မွန်းလွဲ၁နာရီအချိန်မှာ Mi 35၊ တွေနဲ့ ၁၂ကြိမ်ထက်မနည်း ဗုံးကြဲခုခံနေတာလို့သိရပါတယ်။ အင်မထီးပျူရွာကလည်း စစ်ကောင်စီကို စစ်ကူပေးနေပြီး ဒေသခံ ပြည်သူ ၂၀ ဦးခန့်ကိုလည်းဖမ်းထားတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေကတော့ အခုလက်ရှိမှာ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးကိုတိုက်နေကြောင်း သတင်းများကဆိုပါတယ်။ လေကြောင်းဗုံးဒဏ်ထိမှန်လို့ အရပ်သားသေဆုံးမှုတွေလည်းရှိနေပြီး တိုက်ပွဲပြင်းထန်နေလို့ ရုပ်အလောင်းတွေ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့လည်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်တွေဟာ မြို့နေရာအတော်များများကို ထိန်းချုပ်ထားနိုင်ပေမယ့်လို့ လေယောဉ်ပစ်ကူနဲ့ဗုံးကြဲမှုတွေကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ BNRA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ တိုက်ပွဲမှာအထိနာမှုကြောင့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူတွေ တိုးများလာနေပြီး နိုဝင်ဘာ ၁၃ ရက်နေ့တွင် Y-12 ၊ Y-8 ၊ Mi-35 ၊ YAK-130 JF ၊ စတဲ့ တိုက်ခိုက်ရေး လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ခုထိလေကြောင်းတိုက်ခိုက်မှုတွေ မရပ်သေးကြောင်း People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ် ။ စစ်ကောင်စီလေကြောင်းရန်ကြောင့် ပုလဲမြို့၊ အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး ၊ညောင်ကန် ၊ညောင်ကုန်း၊ မကျီးခွ၊ ဇောင်ချမ်းကုန်း ၊မြကုန်း ၊ရိုးရွာ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ တွေ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရပါသည်။

You may have missed