Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 13, 2025

တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်လို့ ရဲ ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၅ နာရီခန့်မှာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အဖြစ် တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ဝိုင်းဝန်း ပိတ်ဆို့၍ အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါတိုက်ပွဲအတွင်း ရဲ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး တော်လှန်ရေး တပ်ဖွဲ့များက ရဲစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အတူ Myingyan Distric Drone Strike၊ နေပြည်တော်၈၀၁ တပ်ရင်း၊ မိတ္ထီလာပကဖ၊ စဥ့်ကိုင်ပကဖ၊ ကျောက်ပန်းတောင်း ပကဖ၊ တောင်သာ ပလဖ၊ ညောင်ဦးခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

You may have missed