Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာ ပျူစောထီး ၁၀၀ခန့်ကို အလင်းဝင်ဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး ဒိုလေးကို စစ်ရေးဗျူဟာထူးချွန်ဆု ပေးအပ်ချီးမြှင့်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာ ပျူစောထီး ၁၀၀ ဦးခန့်ကို အလင်းဝင်ဖို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တဲ့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်း တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်း က ထုတ်ပြန်ပါတယ်။စဉ့်ကူးမြို့နယ်ကို ပြည်သူ့‌ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂တပ်ရင်းအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အပြည့်အဝ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၀ရက်မှာ ကြေညာခဲ့ပါတယ်။

တပ်ရင်းမှူး ဒိုလေးဟာ ရန်သူ့နယ်မြေအတွင်း ထွက်ပြေးရောက်ရှိနေသော စဉ့်ကူးမြို့နယ် ပျူစောထီး ခေါင်းဆောင် ‘ရေတော်ငနိုင်’ အပါအဝင် စဉ့်ကူးမြို့နယ် ထုံးကြီး ကျေးရွာ ပျူစောထီး လက်နက်ကိုင်များ၊ဆည်သည် ၊ ဒိုးပင်ကုန်း ၊ ဇီးပင်ကုန်း၊ရေတော်ဘက်မှ ပျူစောထီးခေါင်းဆောင်များ စုစုပေါင်း ပျူစောထီးဦးရေ ၁၀၀ ဦး ခန့်ကို တပ်ရှိရာသို့ ပြန်ခေါ်ကာ ကျည်တစ်ချက်မှ မဖောက်‌စေဘဲ လက်နက်ချ အညံ့ခံရန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်းကြောင့် ဆုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။စဉ့်ကူးမြို့နယ်ဟာ မန္တလေးတိုင်းတွင် တော်လှန်ရေးအင်အားစုမှ ပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့ မြို့ဖြစ်ပြီး စဉ့်ကူးမြို့အုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ရဲမှူးနှင့် ဒုရဲမှူးအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကာ မိုးကုတ်ဗျူဟာ အမှတ် -၁၂၂၂ တပ်ရင်းက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ် အရာရှိ/အရာခံ စစ်သုံ့ပန်းများရဲ့ ထွက်ဆိုချက်များကို ဇူလိုင် ၂၀ ရက်နေ့မှာ ရုပ်/သံ မှတ်တမ်းနှင့်တကွ ထုတ်ပြန်ခဲ့ပါတယ်။တော်လှန်ရေးအင်အားစုတွေဟာ လက်ရှိမှာ မန္တလေးတိုင်းအတွင်းက စဉ့်ကူး၊ တကောင်း၊ မိုးကုတ်၊ သပိတ်ကျင်းမြို့တွေနဲ့ မတ္တရာမြို့မှ စစ်ကောင်စီစခန်းများကို ရှမ်းမန်းစစ်ဆင်ရေးအတွင်း သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

You may have missed