စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲလို့ ရန်သူ ၆ ဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပကဖ -CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက သတင်းထုတ်ပြန်ပါတယ်။တောပုပျူစောထီးစခန်းမှ ထွက်လာသော အင်အား ၄၀ ပါရန်သူစစ်ကြောင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ အချိန်မှာ ပဒေသာမိုင်း ၄ လုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တပ်ချိန်းစဉ်မှာ တိုက်ခိုက်တာဖြစ်ကြောင်း၊ မိုင်းဆွဲခံရပြီးနောက်မှာ ညောင်ဖြူထဲမဝင်ဘဲ ပြန်လှည့်သွားကြောင်း၊ ၆ ကောင်သေတာကို ဒရုန်းကင်းထောက်နဲ့ မြင်ရကြောင်း ဆိုထားပြီး ဒဏ်ရာရသူများတယ်လို့လည်း သိရပါတယ်။ ရန်သူစစ်ကြောင်းဟာ ဒဏ်ရာရသူတွေကို “ ၁၂ ပေ ထရပ်ကားအတိုနဲ့ စွမ်းရည်ထက်ဆီဆိုင်ကနေ အိမ်စီးကား ၅ စီးနဲ့ ထပ် သယ်သွားကြောင်း သိရပြီး တော်လှန်ရေးဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ပါဘူး။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်နှင့် ပျူအမည်ခံအဖွဲ့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်အတွင်း တိုက်ိခုက်ခဲ့တာ ဖြစ်တယ်ပြီး ရန်သူစစ်သား ၁ ဦးသေဆုံး သွားခဲ့ကြောင်း ရေစကြို ပကဖ မှတာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များက အနီးကပ် ခြုံခိုပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း၊ စစ်သား ၁ ဦး ဗိုက်ပွင့်ထွက်သေဆုံး ကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ “ရွေးကောက်ပွဲအတွက် စခနဲ့ ပျူတွေစုဝေးပြီး ပြင်ဆင်နေတာဖြစ်ကြောင်း ၊ စခတွေဘက်က အင်အားများလို့ အရင်ဦးအောင် ချောင်း ပြီး ပစ်ခတ်ရာ တယောက်ဗိုက်ပွင့်ပြီး ၅ ယောက် ဒဏ်ရာရကြောင်းရေစကြိုပကဖက ဆိုပါသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ