Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 30, 2026

မင်္ဂလာဒုံမြို့နယ် စစ်တပ်ဝန်ထမ်းအိမ်ယာ ဂိတ်ကို မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၄ဦး ထိခိုက်

မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၄ဦးထိခိုက်သွားကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းကထုတ်ပြန်ပါတယ်။မနေ့က နိုဝင်ဘာလ ၇ရက် ည ၇နာရီ ၁၀မိနစ်ခန့်မှာ မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာ လုံခြုံရေးဂိတ်ကို R.U.C စစ်ကြောင်းက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါဖော်ခွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး ထိခိုက်ခဲ့ပြီး ဆက်လက်ပြီး အဆိုပါ ၄ဦးကို ရုံးအတွင်းခေါ်ဆောင်သွားပြီးစစ်ကောင်စိတပ်ဖွဲ့ဝင်အချင်းချင်းဆဲဆိုသံများကြားရကြောင်း မြေပြင်တန်ပြန်ထောက်လှန်းရေးရဲ့ သတင်းပို့ချက်အရ သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။၎င်းပစ်မှတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ မိသားစု၊ အိမ်ထောင်သည်လိုင်းခန်းဖြစ်ပြီး (လေတပ်) မိသားစုဝင် များလည်း နေထိုင်လျက်ရှိကြောင်း သတင်းရရှိမှုကြောင့် ရှေ့တန်းမြေပြင်မှာ လက်နက်မဲ့ ပြည်သူတွေကို ရက်စက်နေတဲ့ စစ်တပ်ရဲ့ အကျည်းတန်လုပ်ရပ်တွေကို ရပ်တန့်စေလိုတဲ့အတွက် နောက်တန်းအထိုင်တပ်စခန်းကို တိုက်ခိုက်ပြခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

You may have missed