Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2025

အမ်းရှိ နပခ လက်နက်သိုလှောင်ရေးတပ်နဲ့ ခမရ ၃၇၁ ကို AA သိမ်းပိုက်၊ ဂွမြို့အနီးထိ AA ထိုးစစ်နီးကပ်လာ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ရဲ့ စစ်လက်နက် ပစ္စည်း သိုလှောင်ရေးတပ် နဲ့ ခမရ ၃၇၁ ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး ဂွမြို့နယ်မှာလဲ တိုင်ကျိုးနဲ့ ပုဂံတောင်အမြောက်တပ်ကို AA က သိမ်းပိုက်ထားနိုင်ပြီလို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်နဲ့ ခြေမြန်တပ်ရင်း ခမရ ၃၇၁တို့အပြင် ဂွမြို့နယ်ရှိ တိုင်ကျိုးအထိုင်စခန်းနဲ့ ပုဂံတောင်အမြောက်တပ်တို့ကို နိုဝင်ဘာ ၆ရက်နေ့မှာ AAက သိမ်းယူခဲ့တာပါ။စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အင်အားအများသုံးခုခံနေပေမယ့် အာရက္ခတပ်တော်ရဲ့ထိုးစစ်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးထိ ချဉ်းကပ်လာနိုင်ပြီး မကြာမီသိမ်းပိုက်နိုင်တော့မယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

AA ဟာ အမ်းမြို့သိမ်းတိုက်ပွဲထိုးစစ်ကို အောက်တိုဘာ လကုန်ပိုင်းမှာ အရှိန်မြှင့်ခဲ့ပြီး နပခအနီးက စွေ့ချောင်းဗျူဟာနဲ့ မဲတောင်ဗျူဟာအပါအဝင် တပ်စခန်း ၁၄ခုထက်မနည်းကို သိမ်းပိုက်ထားပြီး စစ်ကောင်စီကို ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။အမ်းမြို့နယ်မှာ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း BEတပ်၊ သရက်ပင်တပ်စခန်း၊ နတလဂိတ် ခမရ ၃၇၃ ဆေးတပ်၊ အမှတ် (၂) တပ်မတော်ဆေးရုံ၊ စရဖတပ်နဲ့ လေကြောင်း ကာကွယ်ရေးတပ်တို့အပါအဝင် ဗျူဟာကုန်း၊ တပ်ရင်း ၁၄ခုထက်မနည်းကို သိမ်းပိုက်ထားတာပါ။ဂွမြို့နယ်မှာလည်း စစ်ကူပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၅၀နီးပါး သေဆုံးခဲ့ရပြီး ကစဉ့်ကလျားထွက်ပြေးသွားရတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

AA ထိုးစစ်ဟာ ဂွမြို့ပေါ်အထိနီးကပ်လာပြီး မြို့နဲ့ ၁၀မိုင်ပတ်လည်က စခန်းတွေအားလုံး သိမ်းပိုက်ထားတာကြောင့် ဧရာဝတီ-ရခိုင်အစပ်ဖြစ်တဲ့ ဂွမြို့ဟာလဲ AA လက်ထဲ မကြာမီကျရောက်တော့မယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။နိုဝင်ဘာ ၅ရက်မှာ အကြမ်းဖက်မင်းအောင်လှိုင် တရုတ်ခရီးစဉ် သွားရောက်စဉ်မှာပဲ မြန်မာပြည်အနောက်ပိုင်းက တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေဟာ အားကောင်းလာတာဖြစ်ပါတယ်။အလားတူ ရှမ်းမြောက်မှာ တရုတ်ဖိအားကြောင့် တိုက်ပွဲအရှိန်တန့်သွားသလို စစ်ကောင်စီဟာ ပြည်သူတွေကို မတရားဗုံးကြဲနေပေမယ့် ကချင်အထူးဒေသ ၁တစ်ခုလုံးနီးပါးကို အခုလဆန်းပိုင်းမှာ KIA က သိမ်းယူလိုက်ပြီး စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့မှာလဲ တကျော့ပြန် မြိုသိမ်းတိုက်ပွဲဆင်နွှဲနေပါတယ်။ဒါ့အပြင် နောင်ချိုမြို့နယ် တောင်ခမ်းဒေမှာလည်း TNLA နဲ့ PDF တို့နဲ့ စစ်ကောင်စိတို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မန္တလေးတိုင်းထဲက ပြင်ဦးလွင်မြို့ကို စစ်ရေးခြိမ်းခြောက်လျက်ရှိပါတယ်။

You may have missed