၄၇ ယောက်မြောက်သမ္မတဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်ဟာ လူ့အခွင့်အရေးရှုထောင့်ကို ဦးစားပေးစဉ်းစားလေ့ရှိသူမဟုတ်ဘူး ရွှေ့ပြောင်းအခြေချရေးမူတွေ ထရမ့်အနေနဲ့ဆန့်ကျင်လိုက်ရင် နောက်ဆက်တွဲအနေနဲ့ ရွှေ့ပြောင်းအရေးဟာ ဂယက်ရိုက်လာနိုင်တယ်။ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အားပေးကူညီမှုအဖွဲ့ (AHRLA)ရဲ့ ဒါရိုက်တာ ဖိလစ် ရောဘတ်ဆန်က ပြောခဲ့တာကို The...
Day: November 8, 2024
အကြမ်းဖက်အာဏာသိမ်းခဲ့လို့ နိုင်ငံအဝန်းတော်လှန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ခေါင်းဆောင်ဟာ အာဆီယံခေါင်းဆောင်အချို့ကို တရုတ်အကူအညီနဲ့ ကူမင်းမှာတွေ့ခွင့်ရခဲ့ပါတယ်။ လာအို ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေအပြင် အရေးပါဆုံးအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ပေထောင်တန်နဲ့လည်း တွေ့ခဲ့ပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာအရေးကိုင်တွယ်ရာမှာ သိသာထင်ရှားတဲ့ မည်သည့်ရလာဒ်မှထွက်လာခြင်းမရှိသလို မင်းအောင်လှိုင်ကလည်း ၄င်းတို့ပြောပြောနေတဲ့...
အညာဒေသရဲ့ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ရပ်အဖြစ် ဖော်ဆောင်သွားမယ့် "End Point " Project ကို စက်တင်ဘာလ ၆ ရက်ကနေ နိုဝင်ဘာလ ၆ ရက်အထိ ပြုလုပ်ခဲ့ပေမယ့် ကမ်ပိန်းတားဂတ်ရဲ့ ၄၀%ကိုသာ ရရှိခဲ့တာကြောင့် ကျန်ရှိနေတဲ့...
ရခိုင်ပြည် အာရက္ခတပ်တော် AA က ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။ရခိုင်ပြည် AA ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀...
မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၄ဦးထိခိုက်သွားကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းကထုတ်ပြန်ပါတယ်။မနေ့က နိုဝင်ဘာလ ၇ရက် ည ၇နာရီ ၁၀မိနစ်ခန့်မှာ မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှီ...
Passport သက်တမ်းကုန်နေတဲ့ တောင်ကိုရီးယားရောက် မြန်မာများ NUG ကိုယ်စားလှယ်ရုံးမှာ သက်တမ်းတိုးနိုင်ပြီ
တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေပြီး နိုင်ငံကူးလက်မှတ်-Passport သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားများဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးမှာ သက်တမ်းတိုးနိုင်ပြီလို့ သိရပါတယ်။NUG ကိုယ်စားလှယ်ရုံးမှာ နိုင်ငံကူးလက်မှတ် သက် တမ်းတိုးပြီးနောက် တောင်ကိုရီးယားအစိုးရ လူဝင်မှုကြီးကြပ်ရေးကလည်း လက်ခံဆောင်ရွက်ပေးကာ စစ်ကောင်စီသံရုံးမှာ သက်တမ်းတိုးစရာမလိုဘဲ သက်တမ်း ၂...
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)ရဲ့ စစ်လက်နက် ပစ္စည်း သိုလှောင်ရေးတပ် နဲ့ ခမရ ၃၇၁ ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး ဂွမြို့နယ်မှာလဲ တိုင်ကျိုးနဲ့ ပုဂံတောင်အမြောက်တပ်ကို AA က...