Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 1, 2026

NUG ပညာရေးဘုတ်အဖွဲ့တာဝန်ခံနဲ့ မိသားစု လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် ဖော်ထုတ်အရေးယူမယ်လို့ ဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးဘုတ်အဖွဲ့တာဝန်ခံနဲ့ မိသားစု လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် အမိန့်ပေးစေခိုင်းသူများနဲ့ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်ပြီး တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၄ရက် ညပိုင်းက ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးသည် တပုန်းကျေးရွာနေအိမ်အတွင်း ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရတာပါ။

အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေသူ ဆရာနဲ့ သူ၏မိသားစုကို အခုလို တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနဲ့ ပတ်သက်ပြီး မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း NUG၏ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။တပုန်းကျေးရွာဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုဖြစ်ပေမယ့် လုပ်ကြံသတ်ဖြတ်သူတွေဟာ စစ်အုပ်စုနဲ့ ဆက်နွယ်သူတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သတ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်စေရန်နဲ့ အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်ကာ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမယ်လို့ NUG က ပြောပါတယ်။

You may have missed