အနောက်ဗာဂျီးနီးယားနဲ့အိုဟိုင်းယိုးပြည်နယ်ရှိ အထက်လွှတ်တော်နေရာတွေကို အနိုင်ရရှိပြီးတဲ့နောက် ရီပတ်ဘလီကန်တွေက အမေရိကန် အထက်လွှတ်တော်မှာ အများစု အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။အနောက်ဗာဂျီးနီးယားရဲ့ လက်ရှိအုပ်ချုပ်ရေးမှူး ဂျင်မ် ဂျက်စတစ် ဟာ ယခင်ဒီမိုကရက်တစ်ပါတီမှ ဂျိုး မန်ချင် မှ လစ်လပ်နေတဲ့ နေရာကို အနိုင်ရဖို့ ခန့်မှန်းထားခဲ့ကြပါတယ်။ရီပတ်ဘလီကန်အမတ်တွေဟာ အောက်လွှတ်တော်မှာ ယှဉ်ပြိုင်မှုအများအပြားကို မဆုံးဖြတ်ရသေးတဲ့အချိန်ထိတော့ ရီပတ်ဘလစ်ကန်တွေက ဦးဆောင်လျက်ရှိနေခဲ့ပါတယ်။အထက်လွှတ်တော်ကို အနိုင်ရရင် ပါတီရဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ပိုစွမ်းဆောင်နိုင်ပါလိမ့်မယ်။
အကယ်၍ ရီပတ်ဘလီကန်ပါတီဟာ အောက်လွှတ်တော်၊ အထက်လွှတ်တော်နဲ့အိမ်ဖြူတော်တို့ကို ထိန်းချုပ်မယ်ဆိုပါက၊ ၎င်းဟာ ဥပဒေတွေကို အတည်ပြုပြီး သမ္မတရဲ့ ပါတီဝင်အစီအစဉ်ကို အတည်ပြုဖို့ အာဏာရှိမှာဖြစ်ပါတယ်။မဲခွဲတဲ့အချိန်တလျောက်လုံးမှာလည်း ထရန့်က မဲအသာများနဲ့ ကမ်မလာ ဟဲရစ်ကို ဦးဆောင်နေခဲ့ပါတယ်။မြန်မာစံတော်ချိန် နေ့လည် ၂နာရီမှာ ထရန့်က ၅၁.၂% ရရှိနေပြီး ဟဲရစ်က ၄၇.၄% ရရှိကာ ထရန့်က အသာစီးရရှိနေခဲ့ပါတယ်။ရွေးကောက်ပွဲ ရလဒ်အဆုံးအဖြတ်ပေးမယ့် အရေးကြီး ပြည်နယ် ၇ ခုထဲက ပြည်နယ် ၂ခုမှာ နေ့လည်အချိန်ထိ ထရန့်က အနိုင်ရရှိထားပြီး ဦးဆောင်နေခဲ့ပါတယ်။ထရန့်အနိုင်ရရှိမယ်လို့ နိုင်ငံတကာ သတင်းဌာနက ခန့်မှန်းခဲ့ကြပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ