မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းမှု လုပ်ဆောင်စဉ်အတွင်း စစ်ကောင်စီ ကပစ ၂၀၂၄ ထုတ်ကျည်ဆံဖာတစ်ခုနဲ့ စစ်သုံးပစ္စည်းတချို့ တွေ့ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ (၂) ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ နယ်မြေရှင်းလင်းစဉ် အခုလို စစ်ကောင်စီထံက စစ်အသုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေ ရရှိခဲ့တာပါ။
စစ်ကောင်စီထံက ပစ်ခတ်ခဲ့တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်က ထုတ်ထားတဲ့ ကပစ ၅.၅၆ ကျည်ဖာတစ်ခု၊ ကျည်ခွံ၊ အာပီဂျီ အခွံတစ်ခု ၊ မပေါက်ကွဲသေးတဲ့ ၄၀ မမဗုံးသီး တစ်လုံး၊ ဖိနပ်တစ်ရံ၊ ၁၂၀ မမ အစ တစ်ခု၊ ဆေးကုထားတဲ့ ဆေးထိုးအပ်၊ ဂွမ်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာလ (၂) ရက်က KNU ထိန်းချုပ် နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား (၂၀၀) ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေဟာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီးတဲ့နောက် စစ်ကောင်စီ တပ်မ (၇၇) ၊ တပ်မ (၄၄) ဦးဆောင်တဲ့ အင်အား ၂၀၀ လောက်ဟာ နိုဝင်ဘာ ၄ ရက်နေ့မှာ မုပ္ပလင်၊ သိမ်ဇရပ်လမ်းပိုင်းကို ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ