Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 21, 2026

မြင်းမူမှာ လေယာဥ်ဆီတင်ဆောင်လာတဲ့ တွဲကားတွေကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးမှာ လေယာဥ်ဆီတင်ဆောင်လာတဲ့ တွဲကားတွေကို မနေ့က အောက်တိုဘာ ၄ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။အစီး၂၀ပါ တွဲကား တွေကို လက်နက်ငယ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းများ ကြား ဝင်ရောက် တိုက်ခိုက်ခဲ့ရတယ်လို့ DogDog Killers People’s Defence Force Myinmuက သတင်းထုတ်ပြန်ထားပါတယ်။

အစီး၂၀ပါ ယာဥ်တန်းထဲက ၁၀စီးမြောက်ကားကနေ ကား ၃စီးကို ထိထိမိမိ ပစ်ခက်တိုက်ခိုက်နိုင်ခဲ့ပြီး နောက်ကားတွေမှာ လုံခြုံရေး အပြည့် ပါလာတာကြောင့် ​တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာလာခဲ့ ကြတယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုစစ်ဆင်ရေးကို Dog Killers People’s Defence Force Myinmu(DK-PDF MMU)မှ ပစ်ခက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ-ပုံဟောင်း

You may have missed