စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်ကို ရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Brave Heart Army – BHA တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ် အချိန် ချောင်းဦးမြို့နယ်၊ မြပုလဲအထိုင်ဂိတ်ကနေ Jammer ကားနဲ့ ထွက်လာပြီး လမ်းကင်းယူဖို့ ခြေကျင် ရှင်းလင်းရေးလုပ်နေတဲ့ စစ်သား ၂၀ ခန့်ကို မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် မုံရွေးတိုးဂိတ်အရောက် M18 မိုင်း ၃ ပွိုင့် ၂ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ပြည်သူ့ကားများချောဆွဲပြီး မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY- BHA ၊ MYAUNG REVOLUTION ARMY-MRA နဲ့ CHINDWIN FIGHTER GROUP.CFG ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိနာ နေတဲ့ စစ်တပ်က ၆၀ မမ လက်နက်ကြီး ၂ လုံး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက မြိုင်မြိုင်ဆိုင်ဆိုင် မိုင်းဆွဲ တိုက် ခိုက်ကြဖို့ Brave Heart Army – BHA တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ