TNLA ထိန်းချုပ်ထားတဲ့ တအာင်းပြည်အတွင်း တင်သွင်းလာတဲ့ သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။တအာင်းပြည်အတွင်းရှိ ဒေသခံပြည်သူလူထုများ၏ အခက်အခဲများကိုဖြေရှင်းနိုင်ဖို့ ကင်းလွတ်ခွင့်ပြုလိုက်တာဖြစ်ပြီး တအာင်းပြည်အတွင်းသို့ တင်သွင်းတဲ့ စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။...
Day: November 5, 2024
ကချင်အထူးဒေသ ၁ရှိ ဖီမော်မြို့၊ ကန်ဖန့်ရွာကို KIA ပူးပေါင်း တပ်များ ဝင်ရောက်လာစဉ် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်ခဲ့ပြီး အဲ့ဒိရွာကို KIA က အပြီးသတ် သိမ်းပိုက်...
အာဏာသိမ်းစစ်ကောင်စီတပ်မှာ လက်နက်ကြီး ကြီးကြပ်တာဝန်ယူခဲ့ပြီး အကြမ်းမဖက် အာာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ကာ PDF-Zoland မှာ ဒုတပ်စိတ်မှူး တာဝန်ထမ်းဆောင်နေတဲ့ ပေါင်ခန့်ခိုင်(ခ) ကိုစစ်သားဟာ ဆေးဝါးမလုံလောက်မှုကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ရဲ့...
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးမှာ လေယာဥ်ဆီတင်ဆောင်လာတဲ့ တွဲကားတွေကို မနေ့က အောက်တိုဘာ ၄ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။အစီး၂၀ပါ တွဲကား တွေကို လက်နက်ငယ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းများ ကြား ဝင်ရောက် တိုက်ခိုက်ခဲ့ရတယ်လို့ DogDog...
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း တပ်ခွဲမှူး ၃ဦးအပါ ဖမ်းဆီးရမိသူတွေကို စစ်သုံ့ပန်းလုပ်ထုံးများနဲ့အညီထိန်းသိမ်းထားကြောင်း KNU မူတြာ်သတင်းစဉ်က ထုတ်ပြန်ပြောပါတယ်။အောက်တိုဘာလ ၂၉ရက်နေ့ကနေ ၃၁ရက်နေ့အတွင်း ခေါပုတ်စခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်စစ်သားတွေကို ပိုက်စိပ်တိုက်လိုက်လံရှင်းလင်းစဥ် တပ်ခွဲမှူး ၃ဦးအပါအဝင် တပ်သား(၁၇)ဦးကို လက်နက်များနဲ့အတူ...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်ကို ရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Brave Heart Army – BHA တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၃...
ကရင်ပြည်နယ် ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို KNLA နှင့်အတူ BPLA , Force for Federal Democracy (FFD) ဒရုန်းတပ်ဖွဲ့စတဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၉ က သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီနောက်ထွက်ပြေးတဲ့...
နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ အာဆီယံမှာလည်း ဖယ်ကျဉ်ခံထားရဆဲဖြစ်ပေမယ့် တရုတ်ကတော့ မင်းအောင်လှိုင်ကို သူ့ဆီလာဖို့ ခေါ်တွေ့လိုက်ပါပြီဒါဟာ နိုင်ငံတကာသံတမန်အခင်းအကျင်းမှာ လူရာသွင်းမခံထားရတဲ့ စစ်ခေါင်းဆောင်အဖို့ အငမ်းမရ ဝမ်းသာစရာ ဖြစ်စေမှာပါ။ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကဏ္ဍပေါင်းစုံ...
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ ဆင်ရိုးခင်ကျေးရွာစစ်တပ်ကို နိုဝင်ဘာ ၁ရက်နေ့က တောင်ပိုင်းစစ်ဒေသ၊ အမှတ်...