ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်သားအချို့ကို ပြန်လည်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၉မှာ သိမ်းပိုက်ခဲ့ပါတယ်။စစ်ကောင်စီအင်အား ၂၀၀ ခန့်ရှိ ခေါပုတ်စခန်းဟာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNLA ပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ် စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဒဏ်ရာရသေဆုံးမှု များပြားပြီး စခန်းစွန့်ခွာထွက်ပြေးသူများလည်းရှိကာ တော်လှန်ရေးပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ အချို့ကို ပြန်လည် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ခေါပုတ်စခန်းဟာ နယ်စပ်တလျောက် အဓိကကျသော စခန်းတခုဖြစ်သဖြင့် စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး လက်ရှိအချိန်မှာ ဖာပွန်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ