Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 14, 2026

ကချင်အထူးဒေသ (၁) မှာစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းတွေ အကုန်သိမ်းပိုက်ခံလိုက်ရပါပြီ

နယ်ခြားစောင့်တပ်ရင်းဌာနချုပ်နှစ်ခုကို သိမ်းပိုက်ပြီးနောက် ၊ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ အမှတ် ၁၀၀၁ နယ်ခြားစောင့်စခန်း ဌာနချုပ်ကို အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းမှာ သိမ်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် KPDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကစတင်ခဲ့တဲ့ ဇခုန်တိန့်ယိမ်းဦးဆောင်တဲ့ စစ်ကောင်စီလက်အောက်ခံအင်အားစုဟာ နွေဦးတော်လှန်ရေးအတွင်း နိဂုံးချုပ်သွားခဲ့ရပါပြီ။ ဒါဟာ တရုတ်ဘက်က ဒီနယ်စပ်နေရာတွေမှာ တိုက်ပွဲမဖြစ်ဖို့ သတိပေးနေတဲ့ကြားကပဲ ကေအိုင်အေက အပြီးသတ်လုပ်စရာတွေကို လုပ်နိုင်ခဲ့တာလို့ ဆိုရပါမယ်။ တရုတ်က တွေ့ဆုံသတိပေးမှုသတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ ကေအိုင်အေအနေနဲ့ ရှောင်လို့မရတဲ့ တိုက်ပွဲတွေ ဆက်တိုက်သွားမယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က တရုတ်ဘက်ကို ပြန်ပြောခဲ့ကြောင်းသိရပါတယ်။ ၁၀၀၁ ကို သိမ်းယူနိုင်ခဲ့တဲ့အချိန်ဟာ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ည ၆ နာရီဝန်းကျင်က ဖြစ်တယ်လို့သိရပြီး အနီးတဝိုက်မှာ ပစ်ခတ်မှုအချို့ရှိနေဆဲလို့လည်း ဒေသခံတွေမှ သိရပါတယ်။ နယ်ခြားစောင့်တပ်လက်ကျန်စခန်း သိမ်းခံလိုက်ရတဲ့အကြောင်း ဒေသခံတွေက ပြောပေမယ့် ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ ဒီဌာနချုပ်ကို သိမ်းယူနိုင်မှုသတင်းမှာ တရားဝင်သတင်းမရသေးကြောင်း KIA ပြန်ကြားရေးဘက်က ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြောထားပါတယ်။ ယခုနှစ် စက်တင်ဘာနောက်ဆုံးပတ်မှာ စတင်ခဲ့တဲ့ အထူးဒေသ ၁ အတွင်း ထိုးစစ်ဟာ

အခုတော့ ဆဒုံး၊ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေသာမက ၁၀၀၂ – လုပီအခြေစိုက်တပ်ရင်း၊ ၁၀၀၃ စင်ကြိုင်အခြေစိုက်တပ်ရင်းနှင့် ၁၀၀၁ – ဖီမော်တပ်ရင်းအားလုံးကို အကုန်အစင် ထိန်းချုပ်အနိုင်ယူခဲ့တာ ဖြစ်ပါသည်။

You may have missed