Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

လဂွေရွာ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းများအားလုံး KIA၊ PDF တပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လဂွေကျေးရွာရှိ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA၊ PDF ပူးပေါင်းတပ် များက တိုက်ခိုက်သိမ်း ပိုက်ရရှိကြောင်း စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။မနေ့က နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၂နာရီထိုးခါနီးအချိန်မှာ လဂွေရွာ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကချင်အထူးဒေသ(၁)ရှိ ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ထားတဲ့ ချီဖွေ၊ ဆော့လော် နဲ့ ပန်ဝါမြို့တွေကို ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း KIA က သိမ်းပိုက်ခဲ့သလို ပြည်သူ့စစ်တပ်ရင်းဌာနချုပ်တွေဖြစ်တဲ့ အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ စခန်းအားလုံးကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တာကြောင့် အဆိုပါဒေသမှာ ဖီမော်မြို့နဲ့ ကန်ပိုင်တည်မြို့တို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

You may have missed