Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

တရုတ်ရဲများ နေပြည်‌တော်ထိ တရားခံကိုလာဖမ်းစဉ်

ဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ဦးကို စစ်ကောင်စီက တရုတ်ဘက်လွှဲပြောင်း-ရုပ်သံ

ဇန်နဝါရီ ၃၁၊ VOR

ားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)ခေါင်းဆောင်များကို စစ်ကောင်စီက တရုတ်ထံထိုးအပ်

===============================================

ဇန်နဝါရီလ ၃၀ရက်၊ ည ၇ နာရီခန့်မှာတော့ စစ်ကောင်စီဟာ ၄င်းတို့အကာအကွယ်ပေးထားတဲ့ ကိုးကန့်သူဌေးအများစုအပါအဝင် (၁၀) ဉီးကို တရုတ်ထံ လွှဲပြောင်းပေးလိုက်ပါပြီ။ ဒီလူတွေကို အွန်လိုင်းငွေလိမ်ဂိုဏ်းအမှုနဲ့ တရုတ်က ဖမ်းဝရမ်းထုတ်ထားပေမယ့် စစ်ကောင်စီကတော့ ကနဉီးမှာ အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။ အခု လွှဲပြောင်းပေးလိုက်တဲ့သူတွေထဲ ပါဝင်သူတွေကတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန် ၊ သူ့သား ပယ်ရင်ချန်၊ အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ ကိုးကန့် ရဲ့အချမ်းသာဆုံးဖူလီလိုက်လုပ်ငန်းစုဦးဆောင်သူဦးလျိုအားပေါက်တို့ ဖြစ်ကြပါတယ်။ အဆိုပါလူပုဂ္ဂိုလ်များပါဝင်တဲ့ ၆ ဉီးအပြင် တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံးမှုဖြစ်ခဲ့တဲ့ မြီမိသားစုပိုင် ဝေါ့ဖူဆန်းကျွမ်းဟိုတယ်ဝင်း ပစ်ခတ်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ (၄) ဉီးကိုလည်း စုစုပေါင်း (၁၀) ဉီးအဖြစ် စစ်ကောင်စီကတော့ ထိုးအပ်လိုက်ပါပြီ။ အပေးအယူအရမ်းကြီးကြီးမားမား ရှိခဲ့ပြီဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုတွေနှင့်အတူ မြောက်ပိုင်းက စစ်ကောင်စီကျဆုံးနေတဲ့စစ်ဆင်ရေးကြီးတွေနဲ့ ပက်သက်ဆက်နွှယ်မှု ဘယ်လောက်ထိ ရှိလာနိုင်သလဲ ဆိုတာကတော့ စောင့်ကြည့်ရဉီးမှာ ဖြစ်ပါတယ်ခင်ဗျာ

စစ်ကောင်စီက ကိုးကန့်သူဌေးတချို့အပါအဝင် စုစုပေါင်း ၁၀ ဦး ကို ယနေ့ည ၇ နာရီဝန်းကျင်တွင် တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့ရာ နေပြည်တော်သို့လေယာဉ်ဖြင့်လာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။

https://www.facebook.com/VORLiveNews/videos/382444801035877

You may have missed