ဇန်နဝါရီ ၃၁၊ VOR
မတ္တရာမြို့နယ် ထွေအုပ်ရုံး၊ EPC ရုံးအပါအဝင် နေရာ ၅နေရာကို တိုက်ခိုက်ရာ စစ်သား၂ ဦး၊ EPC ရုံး Non-CDM ဝန်ထမ်း ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး)က သတင်းထုတ်ပြန်သည်။
မတ္တရာမြို့နယ်အတွင်းရှိ နေရာ ၅ နေရာအား ဗုံးသီး ၁၀ လုံးဖြင့် တစ်ရက်ထဲတိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးတွင် စကစတပ်သား ၂ ဦး၊ EPC ရုံးတွင် NON CDM ဝန်ထမ်းတစ်ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်းသိရပြီး ကျန်ရှိနေရာများအား အတည်ပြုစုံစမ်းဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီတပ်မှ မတ္တရာမြို့နယ်အတွင်း အင်အားတိုးချဲ့စစ်ကြောင်းထိုး၍ အများပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်စီးလျှက်ရှိရာ ၎င်းစစ်ကြောင်းကို ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် Drone ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းများ မတ္တရာမြို့ပြင် အရှေ့ခြမ်း၊ မြောက်ခြမ်း၊ တောင်ခြမ်းရှိ ပြည်သူနေထိုင်သော ကျေးရွာများအား မီးရှို့နေစဉ် ညနေ ၄နာရီခန့်တွင် မတ္တရာမြို့ပေါ်ရှိ EPC ရုံးနှင့် ထွေအုပ်ရုံးအား Drone ဖြင့် ဗုံးသီး ၁ လုံးစီဖြင့် တိုက်ခိုက်ခဲ့ပြီး ညနေ ၄နာရီ ၁၀ မိနစ်တွင် စစ်အင်အား ၆၀ ခန့် တပ်စွဲထားသော ပန်းယျရွာရှိ စစ်တပ်အထိုင်ချနေရာအား Drone ဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထို့ပြင် စကျင်တောင် ဘက်မှ မြွေကြည်ကုန်း နှင့် မြွေရွှေဂဲရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို ယမန်နေ့မနက် ၈ နာရီတွင် Drone ဖြင့် ဗုံးသီး ၃ လုံးချ၍တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်းနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်တွင်လည်း စစ်အင်အား ၂၀၀ ကျော် အထိုင်ချတပ်စွဲထားသော စကျင်ရွာရှိ စစ်တပ်အထိုင်ချနေရာအား Drone ဖြင့် ဗုံးသီး ၃လုံးချ၍ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ဆင်ရေးကို မြနန္ဒာ Drone တပ်ဖွဲ့ နှင့်အတူ ပြင်ဦးလွင်ခရိုင် Drone အဖွဲ့၊ မတ္တရာမြို့နယ်(ပကဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။




More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်