ဇန်နဝါရီ ၃၁၊ VOR
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာက စစ်ကောင်စီ ခလရ ၁၂၃ တပ်မှ လက်နက်ကြီး၊ လက်နက်ငယ် အလက် ၃၀၀ကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA က သိမ်းဆည်းရမိခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်များထံက သိရသည်။
အဆိုပါ စစ်ကောင်စီနမ့်ဖတ်ကာ တပ်စခန်းမှ လက်နက်ကြီးလက်နက်ငယ် ၃၀၀ ခန့် သိမ်းဆည်းရရှိပြီး ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက် ၂ လက် ၊ ၈၁ မမ နှင့် ၆၀ မမ ၈ လက် ၊ စက်လက် ၁၇ လက်၊ ငါးကြင်းမြီး ၁၆ လက်၊ လက်ထောက် ၁၉ လက်၊ MA ၁၀၅ လက်၊ ဒရုန်း ၃ စီး၊ ဂျမ်မာစက် တစ်ခု အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
ဇန်နဝါရီ ၂၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့် နမ့်ဖက်ကာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် FTC 2000 G တိုက်လေယာဉ်တစ်စင်းကိုလည်း KIA ပူးပေါင်းတပ်များက ပစ်ချနိုင်ခဲ့သည်။





More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်