ဇန်နဝါရီ ၃၀၊ VOR
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအပိုင် နွံကန် ပေါက်ကျခဲ့မှုအပေါ် Kachin Environmental Group – KEGက သဘောထားထုတ်ပြန် လိုက်သည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအပိုင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ရှိ နွံကန် ပေါက်ကျခဲ့သည်။
အဆိုပါနွံကန်ပေါက်ကျမှုသည် ၄င်းနေရာတွင် တူးဖော်သည့် ကုမ္ပဏီများ၏ စနစ်တကျ တူးဖော်မှုမရှိခြင်းကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အလားတူ အခြားနေရာများတွင်လည်း မြေပြိုခြင်း၊ နွံပေါက်ခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုသို့ဖြစ်ပေါလာခြင်း၏ နောက်ဆက်တွဲ တာဝန်များကို ၄င်းလုပ်ကိုင်ခဲ့သည့် ကုမ္ပဏီများတာဝန်ရှိကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း လူအသေအပျောက် ထိခိုက်ဒဏ်ရာရရှိမှု မြောက်များစွာရှိခဲ့သည်ဟု သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်