Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

အာဏာသိမ်းမင်းအောင်လှိုင်နှင့်အတူထွန်းမင်းလတ်ကိုတွေ့ရစဉ်

မင်းအောင်လှိုင်လူ ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေလွှတ်

ဇန်နဝါရီ ၃၀၊ VOR

လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဘန်ကောက်မှာ ဖမ်းဆီးခံရပြီးတဲ့နောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော်မှု စတဲ့အမှုတွေနဲ့ ထိုင်းရဲက ဖမ်းဆီးစစ်ဆေးနေရာက အင်္ဂါနေ့မှာ ထိုင်းတရားရုံးကဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်ပါပြီ။ ဒီသတင်းကို Reuters က ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ရာဇ၀တ်တရားရုံးက အသက် ၅၄ နှစ်ရှိ ထွန်းမင်းလတ် အပါအဝင် သံသယရှိသူ ၃ ဦးကို အမှုစုစုပေါင်း ၃၂ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစည်းထားတဲ့ သက်သေတွေ မလုံလောက်တာကြောင့် အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး ပြန်လွှတ်ခဲ့​တာဖြစ်တယ်လို့ တရားသူကြီးက ပြောဆိုခဲ့ပါတယ်။

မယ်ဆိုင်နဲ့ တာချီလိတ်အကြား လျှပ်စစ်ဓာတ်ကုန်သွယ်မှုကို အကြောင်းပြပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ငွေကြေးခဝါချမှုနဲ့ ထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထိုင်းရဲတွေက ဘန်ကောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဟိုတယ်၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို စိတ်ဝင်စားပြီး စစ်ကောင်စီအတွက် ထောက်ပံ့နေတယ်လို့ ရာဇဝင်ရှိတဲ့ ထွန်းမင်းလတ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနီးကပ် တွဲဖက်လူဖြစ်တယ်လို့ သတင်းအရင်းအမြစ် ၃ ခုက Reuters ကိုပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ထိုင်းရဲတွေက ၎င်းနေထိုင်တဲ့ ဘန်ကောက်ကွန်ဒိုကိုဝင်ရောက်စီးနင်းတဲ့အခါ မင်းအောင်လှိုင်ရဲ့သမီးနဲ့ သားတို့ ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ ဘဏ်စာအုပ်တွေ အပါအဝင် ပိုင်ဆိုင်မှုတွေကို တွေ့ရှိခဲ့ပါသေးတယ်။ ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachariyangkun ဟာ ထွန်းမင်းလတ်နဲ့ပေါင်းသင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ငွေကြေးခဝါချမှုတွေမှာ ပူးပေါင်းပါဝင်မှုနဲ့ ပြီးခဲ့တဲ့လက စွဲချက်တင်ခံထားရပြီး ပထမအကြိမ် ကြားနာမှုကို မေလမှာ ပြုလုပ်ဖို့စီစဉ်ထားတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။ ထွန်းမင်းလတ်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ အထက်လွှတ်တော်အမတ်ရဲ့ သမက်ဖြစ်သူ Dean Young Gultula ကိုလည်း ထွန်းမင်းလတ်နဲ့အတူ တရားရုံးက ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အာဏာသိမ်းမင်းအောင်လှိုင်နှင့်အတူထွန်းမင်းလတ်ကိုတွေ့ရစဉ်

You may have missed