Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် နိုင်ငံရေးပြသနာကို ဖြေရှင်းမည်ဟု RCSS ပြော

တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် နိုင်ငံရေးပြသနာကို ဖြေရှင်းမည်ဟု RCSS ပြော၊ အာဆီယံက ကြားဝင်ပေးရန် တိုက်တွန်း

ဇန်နဝါရီ ၃၀၊ VOR

တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင်သာ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS က ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုကို သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၏ ဗဟိုဌာနချုပ် လွိုင်တိုင်းလျန်း တွင် ဇန်နဝါရီ ၂၆ရက်မှ ဇန်နဝါရီ ၂၈ရက်အထိ နှစ်ပတ်လည်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

RCSS အနေနဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် အာဆီယံ အနေဖြင့် အလေးအနက် ထားပြီး ကြားဝင်ဖြေရှင်းပေးနိုင်ရန် လည်း RCSS က တိုက်တွန်းပြောဆိုသည်။

ထို့ပြင် ရှမ်းပြည် အမျိုးသား စည်းလုံးညီညွတ်ရေး ရေရှည်တည်တံ့ ခိုင်မြဲရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ RCSS ထိန်းချုပ်သည့် နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း အွန်လိုင်း ငွေကြေး လိမ်လည်ခြင်း (ကျားဖြန့်)ပိတ်ပင်တားဆီးရေး လုပ်ငန်းနှင့် လူကုန်ကူးမှု တားဆီးရေးလုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက် သွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

You may have missed