ဇန်နဝါရီ ၂၉၊ VOR
PNOပြည်သူ့စစ်တစ်ဦး ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLAထံ လက်နက်နှင့်တကွ လာရောက်ပူးပေါင်းခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ဇန်နဝါရီ၂၈ရက်တွင် စစ်ကောင်စီလက်အောက်ခံ PNO တပ်ဖွဲ့ဝင် ပြည်သူ့စစ်ရဲဘော်တစ်ဦး PNLO/ PNLAထံ လက်နက်နှင့်တကွလာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့အခြေစိုက် ခမရ-၄၂၄ တပ်ရင်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် မဟာမိတ်တပ်များက ဇန်နဝါရီ၂၆ရက်နေ့တွင် သိမ်းပိုက်ထားပြီး စစ်သားနှင့် ပြည်သူ့စစ် ၃ဦးကို PNLA က ဖမ်းဆီးရမိခဲ့သည်။
ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLA က တိုက်တွန်းထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်