Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
September 12, 2026

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်နေ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်နေ

ဇန်နဝါရီ ၂၉၊ VOR

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ အထူးဒေသ (၆) ကျေးရွာများတွင် ပအိုဝ်းပြည်သူများလုံခြုံစေရန်ဟုဆိုကာ စစ်ကောင်စီက လက်နက်ထောက်ပံ့တပ်ဆင်နေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။

ကျေးရွားတိုင်း၊ အုပ်စုလိုက်တိုင်းကို မဲနှိုက်ရစနစ်ဖြင့် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးနေပြီး မဲပေါက်သည့် အမျိုးသားများကို PNOပြည်သူ့စစ်အဖြစ် လုပ်ဆောင်မည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုကို PNLA နှင့်အတူ ပူးပေါင်း တော်လှန်မည်ဟု ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ် နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အသီးသီးထုတ်ပြန်ထားသည်။

You may have missed