ဇန်နဝါရီ ၂၉၊ VOR
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်သို့ တပ်ချိန်းရန်လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပစ်ခတ်ရာ ရဟတ်ယာဉ် တစ်စီး ထိမှန်ပျက်စီးသွားကြောင်း သိရသည်။
ပျက်စီးသွားသည့် စစ်ရဟတ်ယာဉ်တွင် တမခ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်နှင့် Pilot ၂ ဦး၊Drone အရာရှိ ၁ ဦးအပါအဝင် စုစုပေါင်း ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိထားသည်ဟု ကနဦးသိရသည်။
ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန် သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းထဲသို့ တပ်ချိန်းရန် လာရောက်စဉ် KNLA တပ်များနှင့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းထဲသို့ စစ်ရဟတ်ယာဉ် ၂ စီးလာရောက်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ် တစ်စီးမှာ ကျည်ထိမှန် ပျက်စီးသွားကာ ခမရ ၃၅၅ တပ်ရင်းထဲတွင် ရပ်တန့်ထားကြောင်း၊ အခြားစစ်ရဟတ်ယာဉ်မှာ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် စစ်ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်မှာ ဒဏ်ရာ အပြင်းအထန်ဒဏ်ရာရရှိထားပြီး စစ်တပ်က ကယ်ဆယ်ရေးလုပ်နေကြောင်း သိရသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်