Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
October 29, 2026

ပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် စစ်ကူလာသော စစ်ကား(၇)စီးကို မိုင်းဆွဲတိုက်ခိုက်ရာ (၁)စီးပျက်စီး

ပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် စစ်ကူလာသော စစ်ကား(၇)စီးကို မိုင်းဆွဲတိုက်ခိုက်ရာ (၁)စီးပျက်စီး

ဇန်နဝါရီ ၂၉၊ VOR

ပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် ပခုက္ကူမှ စစ်ကူလာသော စစ်ကား(၇)စီးကို မိုင်းဆွဲတိုက်ခိုက်ရာ (၁)စီးပျက်စီးသွားကြောင်း Young Force UG အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လည်တွင် ပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် ပခုက္ကူမှ စစ်ကူလာသော စစ်ကားကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသာစီးမရယူနိုင်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

ထိခိုက်ပျက်စီးမှုရှိပြီး ​သေဆုံးမှု အတည်မပြုနိုင်သေးကြောင်း ခုက္ကူမြို့သို့ပြန်ဝင်သွားသော ကား(၇)စီးအနက် (၁)စီးပျက်စီးသွားပြီး ကြိုးဖြင့်ဆွဲလာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် (ပကဖ)နှင့် ပခုက္ကူမြို့နယ် (ပကဖ တပ်ခွဲ-၂) မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ပခုက္ကူ -ရေစကြို ကားလမ်း အသုံးပြုမည့် မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့်စည်းကမ်းများလိုက်နာရန်နှင့် သတ်မှတ်ထားသည့် အချိန်ကျော်လွန်ပါက ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် သွားလာကြရန် အသိပေးထားသည်။

ပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် စစ်ကူလာသော စစ်ကား(၇)စီးကို မိုင်းဆွဲတိုက်ခိုက်ရာ (၁)စီးပျက်စီး

You may have missed