Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

ရခိုင်ပြည်အတွင်း စစ်တပ်က နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရ

ရခိုင်ပြည်အတွင်း စစ်တပ်က နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရ၊ ကြည်း၊ရေ၊လေ ခုခံနေသည့်ကြားမှ မင်းပြားမြို့ ခလရ ၃၈၀ တပ်ရင်းကို စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရ

ဇန်နဝါရီ ၂၉၊ VOR

ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ “ခမရ (၃၈၀) တပ်ရင်း” အား ရက္ခိုင့်တပ်တော် (AA) အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ရခိုင်ပြည်တွင်း နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရပြီး အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်း ခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်၌ တပ်ရင်းတစ်ခု ထပ်မံကျဆုံးခဲ့ရပြန်သည်ဟု ဆိုသည်။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၈၀ကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ ဇန်နဝါရီ ၂၈ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရက္ခိုင်ပြည်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့ကြား ကြိုကြားကြိုကြားတိုက်ပွဲများ ရှိနေခဲ့သည်ဟု သိရသည်။

You may have missed