Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

မုန်းမြို့တိုက်ပွဲအတွင်း သေဆုံးသူ ၇၂ဦးတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်

မုန်းမြို့တိုက်ပွဲအတွင်း သေဆုံးသူ ၇၂ဦးတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်၊ စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၇၂ဦးသေဆုံး

ဇန်နဝါရီ ၂၉၊ VOR

မုန်းမြို့နယ် အကြပ်အင်းရွာသို့စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်စစ်​ကြောင်းနှင့် KNLA ဦးဆောင်သော ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၇၂ဦးသေဆုံးပြီး အင်ဂျင်နီယာတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်ကြောင်း KNLA က ယမန်နေ့က အသိပေးထုတ်ပြန်သည်။

မုန်းမြို့နယ် အကြပ်အင်းရွာသို့စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်စစ်​ကြောင်းနှင့် ကရင်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်ဦး​ဆောင်​သော ရိုးမပူး​ပေါင်းစစ်​ကြောင်းတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၂ ရက်​နေ့မနက် ၅း၃၀ နာရီအချိန်မှည​နေ ၅း၃၀နာရီအချိန်အထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်​ကောင်စီတပ်ဘက်မှ (၇၂) ဦး​သေဆုံးပြီး (၇၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

သေဆုံးသွား​သော စစ်ကောင်စီတပ်မှ (၇၂)ဦးတွင် အင်ဂျင်နီယာတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များအများဆုံးပါဝင်သည်ဟု ဆိုသည်။

မုန်းမြို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့တွသ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ရယူနိုင်ရေးကြိုးစားနေခြင်းဖြစ်သည်။

You may have missed