ဇန်နဝါရီ ၂၉၊VOR
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA စစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်ရန် သတင်းရသဖြင့် ပိတ်ဆို့ဖမ်းဆီးရာ စစ်အုပ်စုဘက်မှ ၃ဦးဖမ်းဆီးရရှိခဲ့သည်ဟု PNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကိုဆောင်ရွက်နေသည့် PNLA စစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်ရန် စောင့်ဆိုင်းနေကြောင်း သတင်းရသဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ စကစ နှင့် လက်အောက်ခံ ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ယင်းဖမ်းဆီးမှုအတွင်း M22 သေနတ်၁လက်၊ ယာမမူးယစ်ဆေး အထုပ်ကြီး ၁ ထုပ် နှင့် ကျည်ဆံများကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်သည့်အတွက် ဖမ်းဆီးရမိသည့် ပြည်သူ့စစ်များသည် အသက်ရှင်ခွင့်ရရှိမည်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် ထပ်မံတိုက်တွန်းထားသည်။
ယမန်နေ့တွင် ဆီဆိုင်မြို့နယ်အတွင်း PNLA ကလုံခြုံရေးဆိုင်ရာလှုပ်ရှားမှုဆောင်ရွက်စဉ် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသည့် သူခိုး၃ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအတိုင်း အရေးယူဆောက်ရွက်ခဲ့သည်ဟု သိရသည်။




More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ