ဇန်နဝါရီ ၂၈၊ VOR
ရှမ်းပြည် တောင်ပိုင်း စစ်အုပ်စုယန္တရားများ မလည်ပတ် နိုင်တော့သည်အထိ (PNLO) တို့နှင့် ပူပေါင်းပြီး တော်လှန်စစ် ဆင်နွဲသွားမည်းဖြစ်ကြောင်း ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U) က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။
စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး၊ အမျိုးသားရေးတန်းတူညီမျှခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေးအတွက် PNLO နဲ့ အတူတကွပူးပေါင်းကာ စစ်ကောင်စီ ယန္တယားတွေ မလည်ပတ် နိုင်တော့တဲ့အထိ တိုက်ထုတ်မှာဖြစ် ကြောင်းလည်း တော်လှန်ရေးသစ္စာနဲ့ ကတိပြု ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် တနိုင်ငံလုံးရှိ အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ် (စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရား၊ စစ်အုပ်စု) အမြစ်ပြတ်ကျရှုံးသည်အထိ ဘဝတူညီနောင်မဟာမိတ် တော်လှန်ရေးအင်အားစုတွေနှင့် အတူတကွ ပူးပေါင်းပြီး တော်လှန်စစ် ဆင်နွှဲသွားမည်ဟု ဆိုသည်။
ပြည်သူလူထုအပေါ် ဖိနှိပ်ခံချုပ်ချယ်မှုများ ပြုလုပ်နေသည့် စစ်အာဏာရှင်တို့ကို ဘဝတူ ညီနောင်မဟာမိတ် နှင့် အတူ ဆင်နွှဲမည်လို့ PNLO ကထုတ်ပြန်ချက်အပေါ် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU က ထောက်ခံကြိုဆို ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည် ဟူသော PNLO/PNLA ၏ထုတ်ပြန်ချက်ကို အလေးနက်ထားထောက်ခံကြိုဆိုကြောင်းပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီကလည်း ထုတ်ပြန်ခဲ့သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်