ဇန်နဝါရီ ၂၈၊ VOR
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ (၅) ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်မှ (၁၂) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု People Defense Organization – Tanintharyi Divisionက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၅ရက်နေ့တွင် ညောင်ပင်ကွင်းတံတားတွင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ (၂)ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုသိရသည်။
ထို့အတူ ဇန်နဝါရီလ ၂၄ရက်နေ့တွင်လည်း ညောင်ပင်ကွင်းအရှေ့ကမ်းရွာ၊ ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား(၂)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) နှင့် KTLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော် (၁)ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
ဇန်နဝါရီလ ၂၅ရက်နေ့တွင် အမှတ် (၅၆၁)၊ (၄၃၂)၊ (၁၀၁) ပျူစောထီး စစ်ကြောင်းသည် ထုံမခါရွာအနီး တိုးဝင်လာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)၊ KTLA နှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ စစ်သား (၇) ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ဇန်နဝါရီ ၂၆ရက်နေ့တွင် ထုံတော်ရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) တို့ ထပ်မံတိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား(၁) ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) သည် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၂) ၏ တပ်ခွဲ(၁)၊ တနင်္သာရီ ပကဖ၊ မြိတ်ပကဖ တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားပြီး မဟာမိတ်အင်အားစုများနှင့်ပူးပေါင်း၍ စစ်ဆင်ရေးတိုးမြင့်ဖော်ဆောင်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ရေး၊ လုံခြုံရေးသတိရှိကြရန် အသိပေးနှိုးဆော်ထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်