ဇန်နဝါရီ ၂၇၊ VOR
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိ စခန်းကုန်းများကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် တို့ ဦးဆောင်ကာ လှည့်လည် စစ်ဆေးခဲ့ကြသည်ဟု NUG ကာကွယ်ရေးက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့ လှည့်လည်စစ်ဆေးခဲ့ကြသည်ဟု သိရသည်။
သိမ်းပိုက်ရရှိသော စခန်းကုန်းများ၊ မြို့ရွာများနှင့် စစ်လက်နက်ပစ္စည်းများကို ခရီးစဉ်အတွင်း စစ်ဆေးခဲ့ပြီး ဖမ်းဆည်းရမိသော စစ်သုံ့ပန်းများ၊ ပြည်သူ့ရင်ခွင်ခိုလှုံထားသူများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဆိုသည်။
သိမ်းပိုက်ရရှိသော စစ်လက်နက်ပစ္စည်းများကို ပြည်သူ့တော်လှန်ရေးရဲဘော်များအား တပ်ဆင်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်သည်။













More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်