Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ခဲမဖြူ၊ အဖြိုက်နက်နှင့် အဖိုးတန်သတ္တုများထွက်ရာ မော်ချီးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ခဲမဖြူ၊ အဖြိုက်နက်နှင့် အဖိုးတန်သတ္တုများထွက်ရာ မော်ချီးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ဇန်နဝါရီ ၂၈၊ VOR

ကရင်နီပြည်နယ်ရှိ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း စသော အဖိုးတန် သတ္တုများထွက်ရာ မော်ချီသတ္တုတွင်းရှိသည့် မော်ချီးမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မော်ချီးမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း ၂ခုဖြစ်သည့် တောင်ပေါ်ကျောက်ကြားစခန်းနှင့် မြို့အဝင် အမှတ်၂စခန်းကို ဇန်နဝါရီ ၂၇ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်မြို့နှင့် ၉၃မိုင်အကွာ မော်ချီးမြို့တွင် စစ်တပ်ကင်းစင်သွားပြီဟု ရှေ့တန်းသတင်းအရင်းမြစ်များက ဆိုသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးတပ်များက လွိုင်ကော်မြို့ နေရာတော်တော်များများကို နယ်မြေစိုးမိုးထားပြီး ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းအလိုက် ဘက်ပြောင်း ခိုလှုံမှု များ ကို ညှိုနှိုင်းသဘောတူညီမှုရရှိထားပြီး မြို့နယ် အချို့၌ စတင် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ရက်တွင် KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

You may have missed