Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
September 14, 2026

ရေးတံတားကြီးဂိတ်တွင် ဆက်ကြေးကောက် နေသော စစ်တပ်နှင့် ရဲတပ်ဖွဲ့များအားတိုက်ခိုက်ရာ ရဲ ၁ဦးသေဆုံ

ရေးတံတားကြီးဂိတ်တွင် ဆက်ကြေးကောက် နေသော စစ်တပ်နှင့် ရဲတပ်ဖွဲ့များအားတိုက်ခိုက်ရာ ရဲ ၁ဦးသေဆုံး

ဇန်နဝါရီ ၂၇၊ VOR

မွန်ပြည်နယ်၊ ရေးတံတားကြီးဂိတ်တွင် ဆက်ကြေးကောက် နေသော စစ်တပ်နှင့် ရဲတပ်ဖွဲ့များအား ဒေါနစစ်ကြောင်း စနိုက်ဘာ အဖွဲ့က သွားရောက်ပစ်ခတ်ရာ ရဲ (၁) ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Dawna Column က သတင်းထုတ်ပြန်သည်။

ပြည်သူများအပေါ် ဒုက္ခပေး၊ ဆပ်ကြေးကောက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများအား ဒေါနစစ်ကြောင်း စနိုက်ပါတပ်စုက သွားရောက်ပစ်ခတ်ခဲ့ရာ ရဲ(၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်အလောင်းအား လူနာတင်ယာဥ်(၂) စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်းကိုလည်း မြေမြင်သတင်းအရင်းအမြစ်များထံမှသိရှိရကြောင်းနှင့် ဒဏ်ရာရ သေဆုံးမှုများအားစုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

You may have missed