ဇန်နဝါရီ ၂၇၊ VOR
PNO/PNA အား လူထုတော်လှန်ရေးကြီးတွင် ပြန်လည်ပူးပေါင်းပါဝင်ဆင်နွှဲရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီက ယနေ့ ပန်ကြားလိုက်သည်။
PNO/PNA သည် KNU ကရင်အမျိုးသားအစည်းအရုံးနှင့် KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အပါအဝင် ဘဝတူညီနောင်တိုင်းရင်းသားများနှင့်အတူ လက်တွဲ၍ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)တွင် ပါဝင်ဆင်နွှဲခဲ့သော အဆင်အလာကောင်းရှိခဲ့ပြီးစစ်အုပ်စု၏ လိမ်လည်လှည့်ဖြားမှုများနှင့် အတင်းအကြပ်ဖိအားပေးမှုကြောင့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ်မှ အာဏာရှင်အလိုကျဆောင်ရွက်ရသည့် ပြည်သူ့စစ်ဘဝသို့ အသွင်ပြောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သို့ပါ၍ ဗမာအပါအဝင် တောင်တန်းဒေသ အသီးသီးရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်အတူ လက်တွဲ၍ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး လူထုတော်လှန်ရေးကြီးတွင် ပြန်လည်ပူးပေါင်းပါဝင်ဆင်နွှဲရန် ပန်ကြားသည်။
ပအိုဝ်းအမျိုးသားသွေးစည်းညီညွတ်ရေးအလံကို လွှင့်ထူထားနိုင်ခဲ့ပြီးဖြစ်သကဲ့သို့ ပအိုဝ်းအချင်းချင်းကြားပဋိပက္ခမဖြစ်ရေး PNO မှ ပူးပေါင်းဆောင်ရွက်ပေးရန် ပန်ကြားသည်။
စစ်အဏာရှင်၏မတရားအမိန့်များကို မလွန်ဆန်နိုင်သည့် စစ်သား ရဲ နှင့် ပြည်သူ့စစ်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ယုံကြည်စိတ်ချစွာ ဘက်ပြောင်းခုံလှုံကြရန်နှင့် ခိုလှုံသူများကို နွေးထွေးစွာကြိုဆိုမည်ဟု ဆိုသည်။
PNLA/PNLO ၏ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲမည်ဟု ဖော်ပြထားချက်ကို အလေးအနက်ကြိုဆိုလျက် ပအိုဝ်အမျိုးသားဖဒရယ်ကောင်စီက PNLA နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်