Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ၅ ဦးဒဏ်ရာရပြီး အလောင်း ၁ လောင်းနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ၅ ဦးဒဏ်ရာရပြီး အလောင်း ၁ လောင်းနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

ဇန်နဝါရီ ၂၅၊ VOR

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာအနီး စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ၅ ဦးဒဏ်ရာရပြီး အလောင်း ၁ လောင်းနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ရေစကြို ပကဖ က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ (၁၉) ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် ရေစကြိုမြို့နယ် လင်းကတောမှအပြန် ဇီးတောရွာအနီးတွင် စစ်ကောင်စီတပ်ရှေ့ပြေး ၅ ဦး မိုင်းကွင်းထဲ ရောက်လာသဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးပြုလုပ်ရာ စစ်ကောင်စီတပ်သား အလောင်း ၁ လောင်း ၊ ၆၀ မမ ( ၁) လုံး ၊ ၅.၅၆ ကျည် (၅၀) တောင့် သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သားအလောင်းကို ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ)နဲ့ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၉) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ၅ ဦးဒဏ်ရာရပြီး အလောင်း ၁ လောင်းနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

You may have missed