Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
July 27, 2026

ပဲခူး၊ သာယာဝတီတွင် စစ်တပ်ထောက်တိုင် ပျူစောထီးသင်တန်းဆင်း အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ပဲခူး၊ သာယာဝတီတွင် စစ်တပ်ထောက်တိုင် ပျူစောထီးသင်တန်းဆင်း အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

ဇန်နဝါရီ ၂၅၊ VOR

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ အုပ်စု အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူစောထီးသင်တန်းဆင်း အုပ်ချုပ်ရေးမှူး လွင်မောင်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၄ရက်နေ့ ည(၇:၃၀)နာရီခန့်တွင် ၎င်းနေထိုင်ရာ သရက်ဖြူကန်ရွာ‌ရှိ နေအိမ်၌ သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က ပူးပေါင်း၍ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏‌ထောက်တိုင် ပျူစောထီးသင်တန်းဆင်း အုပ်ချုပ်ရေးမှူး လွင်မောင်မှာ ရပ်ရွာနေပြည်သူများအား နိုင့်ထက်စီးနင်း အာဏာပြခြိမ်းခြောက်၍ ပြည်သူ့စစ်ဖွဲ့စည်းရန် ပြည်သူများအား အတင်းအဓမ္မ စုဆောင်းနေသူဖြစ်သည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် မောင်လွင်မှာ နေရာ၌ပင် ‌သေဆုံးသွားခဲ့ပြီး ၎င်းထံမှ စစ်ကောင်စီသုံး ကျည်ကာအင်္ကျီ(၂)ထည်နှင့် ဦးထုပ်(၁)လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းကိုင်ဆောင်သော လက်နက်ကို သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ဘဲ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်အန္တရာယ်မရှိ လှုပ်ရှား‌နိုင်ခဲ့သည်ဟု သိရသည်။

You may have missed