ဇန်နဝါရီ ၂၅၊ VOR
တန့်ဆည်မြို့နယ် အက်တောကျေးရွာ မြောက်ဘက်တွင် ခမရ ၃၆၁၊ ခလရ၁၅၂နှင့် ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ဗိုလ်အဆင့်ရှိသူတစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိပြီး ၂၇ဦးဆေးရုံတင်ထားရကြောင်းသိရသည်။
ရွှေဘိုခရိုင် အမှတ် (၇၊၈၊၁၀၊၁၆) တပ်ရင်း ၊ တန့်ဆည်မြို့နယ် ရပ်ကျေး ပ.က.ဖ၊ ရေဦးမြို့နယ် ပ.က.ဖ၊ PLA ပူးပေါင်းအဖွဲ့တို့ ဇန်နဝါရီ ၂၁ရက်နေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဗိုလ်အဆင့်ရှိသူတစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိပြီး မန္တလေးသို့ သယ်ဆောင်သွားကာ ၂၇ဦး ကန့်ဘလူပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံတို့တွင်တင်ထားကြောင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်