ဇန်နဝါရီ ၂၅၊ VOR
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁၂၃)ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၂၃ တပ်ရင်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် စတင်တိုက်ခိုက်ခဲ့ရာယမန်နေ့ ဇန်နဝါရီ ၂၄ရက်နေ့တွင် KIA က အပြီးသတ် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။
နမ့်ဖတ်ကာတိုက်ပွဲ တစ်လကျော်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများထံက သိရသည်။
လက်ရှိတွင် KIA တပ်ဖွဲ့က ဖားကန့်ဒေသနှင့် မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး မဘိမ်းမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်