ဇန်နဝါရီ ၂၅၊ VOR
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ လက်အောက်ခံ ဝင်းတာပန်းစခန်းအတွက် ရဟတ်ယာဥ်ဖြင့် ကျဲချခဲ့သည့် ထောက်ပို့ပစ္စည်းများကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ရရှိခဲ့ကြောင်း ကေအဲန်ယူ- တပ်မဟာ (၁) ၊သထုံခရိုင်၊ PDF အမှတ် (၄) တပ်ရင်းက ယနေ့ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၄ ရက် မနက် ၈ နာရီအချိန်တွင် ၄၀ မမ ကျည်ဆံ၊ လက်ပစ်ဗုံး၊ ဆေးဝါးပစ္စည်းများပါဝင်သည့် ထောက်ပို့ပစ္စည်းအထုပ် ၃ ထုပ်ကို KNU/ KNDO/ PDF ပူးပေါင်းအဖွဲ့တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်းတာပန်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ယနေ့အထိ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁ ဦး KNDO တပ်ရင်း (၂)ဆီ အလင်းဝင် ရောက်လာခဲ့တာကြောင့် ဆုငွေချီးမြှင့်ပေးရန် လုပ်ဆောင်နေကြောင်း သိရသည်။
ဝင်းတာပန်းစခန်း တိုက်ခိုက်မှုတွင် စစ်သားများ သေဆုံးမှုရှိသလို ဒဏ်ရာရရှိသူများလည်းရှိနေပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဟု ဆိုသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်