ဇန်နဝါရီ ၂၃၊ VOR
ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းအပြင် မြေပြင်တွင်ပါ တိုက်ခိုက်လာသဖြင့် TNLA နှင့် စစ်တပ်တို့ ရှမ်းမြောက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ TNLA က လက်နက် ၄လက် သိမ်းပိုက်ရရှိပြီး သည်းခံနေ၍သာ တိုက်ပွဲမကျယ်ပြန့်ခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်လိုက်သည်။
ယမန်နေ့ ဇန်နဝါရီ ၂၂ရက်နေ့တွင် ရှမ်းမြောက်ဒေတွင် ညီနောင်မဟာမိတ်တို့ ဖက်မှ စတင်ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီတပ်မှ လေကြောင်း လာရောက်တိုက်ခိုက်ခြင်းများအပြင် မြေပြင်မှလည်း အလစ်အငိုက်ထိုးစစ်များကိုပါ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများသည် တအာင်းဒေသအတွင်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဇန်နဝါရီ ၂၁ရက်နေ့တွင် တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၈) မိုင်သို့ စစ်ကောင်စီဖက်မှ “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက် (၄) လက်အား TNLA က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထို့ပြင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၉) မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို့ ယမန်နေ့က ဂျက်ဖိုက်တာဖြင့် (၁) ကြိမ်နှင့် ATR-42 လေယာဉ်ဖြင့် (၁) ကြိမ် လာရောက်၍ ဗုံး (၁၀) လုံးတိတိ ပစ်ချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ရန်စမှုများကို ပြုလုပ်နေသော်လည်း ညီနောင်သုံးဖွဲ့အနေဖြင့် သည်းခံနေ၍သာ တိုက်ပွဲများ ကျယ်ပြန့်မသွားခြင်းပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြီး (၈၈) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်