ဇန်နဝါရီ ၂၂၊ VOR
မန္တလေးတိုင်းဒေသကြီး၊ ရွာငံ – မန္တလေး အမြန်လမ်းမကြီးကို PDF များက လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု Ywangan People Defence Force (JPRF) က ယမန်နေ့က သတင်းထုတ်ပြန်သည်။
အဆိုပါလုံခြုံရေး စစ်ဆေးမှုများကို Ywangan People Defence Force (JPRF)နှင့် မှော်ဘုရင် စစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုတွင် စစ်ကောင်စီ ယန္တရားကို လည်ပတ်စေနိုင်သည့် Boycott လုပ်ရမည့် ပစ္စည်းများ ပါရှိခဲ့ပါက အရေးယူခံရမည်ဖြစ်သလို ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ အသက်ရှူပေါက်များဖြစ်သည့် စီးပွားရေးထုတ်ကုန်များကို ထိရောက်စွာ ရှောင်ရှားနိုင်မှသာ စစ်အာဏာရှင်စနစ် အမြန် နိဂုံးချုပ်နိုင်မည်ဖြစ်ကြောင်း JPRF က ထုတ်ပြန်ထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်