Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်နေသောစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁၇ဦးသေ‌ဆုံး

ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်နေသောစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁၇ဦးသေ‌ဆုံး

ဇန်နဝါရီ ၂၂၊ VOR

ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်နေသောစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၇ဦးသေ‌ဆုံး ပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ULF သတင်းထုတ်ပြန်သည်။

အကြမ်းဖက်မှုများပြုလုပ်နေသော အင်အား(၈၀)ပါ စစ်တပ်စစ်ကြောင်းနှင့် ဇန်နဝါရီ ၂၁ရက် နေ့လည် ၁နာရီ ၃၀မိနစ် အချိန်မှစပြီး ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နား လက်တောင်းငယ်ကျေးရွာအနီးတွင် (၄)နာရီနီးပါးထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၁၉)ရက်နေ့တွင် မုံရွာမြို့မှ ညောင်ပင်ကြီးဘက်သို့ ချင်းတွင်းမြစ်ကြောင်းမှ ကူးတို့ကူးပြီး အင်အား(၈၀)ပါ စစ်တပ်စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်တွင် (၃)ရက်သာ စစ်ကြောင်းထိုးပြီး ဇန်နဝါရီ ၂၁ရက်နေ့တွင် ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နား လက်တောင်းငယ်ကျေးရွာအနီးတွင် ခရိုင်ကွပ်ကဲရေး၏လမ်းညွှန်မှုဖြင့် ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)နှင့် ဒေသခံ LPDFများ၊ တပ်ရင်းတပ်ဖွဲ့များ မှ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲကြာချိန် (၄)နာရီအတွင်း စစ်တပ်ဘက်မှ အထိနာပြီး စစ်သား ၁၇ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ကာ ဒီထက်မက သေဆုံးမှုများလည်း ရှိနိုင်ပြီး ဒဏ်ရာရ သူများလည်း ရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း MA (3)တလက်၊ RPG အဖူး (4)ဖူး၊ 60 အဖူး (4)ဖူး၊ 40 မမ ဗုန်းသီး (15) လုံး၊ 5.56 ကျည် အတောင့် (2000)ကျော် နှင့် ခဲယမ်းပစ္စည်းအစုံ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)မှ ရဲဘော် ၅ဦးလည်း အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်နေသောစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁၇ဦးသေ‌ဆုံး

You may have missed