ဇန်နဝါရီ ၂၃၊ VOR
ကချင်ပြည်နယ် မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ် နှင့် ရက္ခိုင့်တပ်တော် AA က ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်း ထီးချိုင့် တွင်လည်း KLA ၊ AA နှင့် PDF တို့ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲနေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
“ရက္ခိုင့်တပ်တော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ရှိ မိုးမိတ်မြို့နှင့် ထိစပ်နေသည့်”မဘိမ်းမြို့”တွင်ဖော်ဆောင်နိုင်ခဲ့သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးစုပေါင်းအဖွဲ့မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မဘိမ်းမြို့အား ဇန်နဝါရီလ (၂၁) ရက်နေ့မှစတင်၍ ပူးပေါင်းတပ်တို့က အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု သိရသည်။
အလားတူပင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၌လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော်တို့ သည် ထီးချိုင့်ပတ်ဝန်းကျင်ရှိ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးကို အတူတကွစုပေါင်းပြီး ဟန်ချက်ညီ ထိုးစစ် ဆင်နွှဲလျက်ရှိနေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ