ဇန်နဝါရီ ၂၃၊ VOR
ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မည်ဖြစ်သဖြင့် အနီးနားပတ်ဝန်းကျင်ရှိ ပြည်သူများ ဘေးလွတ်ရာကို ကြိုတင် ရှောင်တိမ်းကြရန် CDF CDM – Siyinက သတင်းထုတ်ပြန်သည်။
ခိုင်ကမ်းမြို့ ရဲစခန်းကို စီနင်းတိုက်ခိုက်တော့မည် ဖြစ်သည့်အတွက် ဇန်နဝါရီလ ၂၁ရက်နေ့မှ စပြီး ပြည်သူများ စစ်ရှောင်ကြရန် သတိပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကလေး-တီးတိန် ကားလမ်းပေါ်ရှိ သိုင်းငင်းရွာ စစ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျန်ရှိနေသည့် ကိုးမိုင် ခိုင်ကမ်း ရဲစခန်းကိုလည်း မကြာခင်တွင် သိမ်းပိုက် ထိန်းချုပ်မည်ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ကိုးမိုင်း ခိုင်ကမ်း ရဲစခန်းရှိ ရဲများ၊ စစ်သားများ အနေဖြင့် တိုက်ပွဲ မစမီ အမြန်ဆုံးအလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။
နှစ်လနီးပါးကြာ ပိတ်ထားသည့် စစ်ကိုင်းတိုင်း၊ကလေးမြို့မှ ချင်းပြည်နယ်၊ တီးတိန်နဲ့ ဖလမ်းမြို့သွားရာ ကလေး – သိုင်းငင်း လမ်းကိုလည်း ဇန်နဝါရီလ ၂၂ ရက်နေ့မှ စပြီး ပြန်လည် အသုံးပြု သွားလာနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်