ဇန်နဝါရီ ၂၁၊ VOR
တအာင်းတပ်မတော်- PSLF/TNLA သိမ်းပိုက်ထားသည့် မြို့များတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း (Non-CDM)များကို အလုပ်ပြန်ခန့်မည်ဟုဖြေကြားခဲ့မှုအပေါ် TNLA က ပြန်လည်ရှင်းလင်းသတင်းထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ရက်နေ့တွင် PSLF/TNLA ရဲ့ ဒုဥက္ကဌ-၁ ဗိုလ်ချုပ် တားဂျုတ်ဂျား၏ ပြောဆိုချက်ကို သံလွင်ခက် သတင်းဌာနက ရေးသားဖော်ပြခဲ့ပြီးနောက် အဆိုပါဒေသများရှိ CDM များနှင့် ဒေသပြည်သူများ ဝေဖန်ကန့်ကွက်နေကြခြင်းဖြစ်သည်။
ဗိုလ်ချုပ်တားဂျုပ်ဂျားအနေဖြင့် သတင်းဌာနနှင့် အဓိပ္ပါယ်လွဲမှားစေခဲ့သော ပြောဆိုချက်ကို အလေးအနက်တောင်းပန်ပါကြောင်း TNLA က တော်လှန်ရေးအစမှသည် ရှေ့ဆက်၍လည်း CDM များဖြင့်သာ ဆက်လက်လက်တွဲသွားမည်ဖြစ်ကြောင်း နွေဦးတော်လှန်ရေးအစမှ ယနေ့အထိပါဝင်လာခဲ့သော CDM ဝန်ထမ်းများကို လေးစားပါကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။
လက်ရှိအချိန်တွင် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့များတွင် အုပ်ချုပ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများစတင်နေပြီဖြစ်သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်