Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

မံစီမြို့ မန်ဝိန်းကြီး စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံသိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ ၁၀ ဦးကျော်သေဆုံး

မံစီမြို့ မန်ဝိန်းကြီး စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံသိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ ၁၀ ဦးကျော်သေဆုံး

ဇန်နဝါရီ ၂၁၊ VOR

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြိုနယ်ရှိ စစ်ကောင်စီ၏ မန်ဝိန်းကြီးတပ်စခန်းကို KIA က ယနေ့ နံနက်ပိုင်းတိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၂၁ရက် နံနက်တွင် မန်ဝိန်းကြီးစခန်းမှ စစ်သားအလောင်း ၁၀လောင်းကျော်နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်ဟု KIA သတင်းအရင်းမြစ်က ပြောသည်။

လက်ရှိတွင် မန်ဝိန်းကြီးစခန်းအား ရှင်းလင်းရေးလုပ်ဆောင်နေပြီး စခန်းအား သိမ်းပိုက်ရရှိပြီးနောက် စစ်တပ်က တိုက် လေ ယာဉ် ဖြင့် ဗုံးကြဲနေသည်ဟု သိရသည်။

ဇန်နဝါရီ ၁၉ရက်နေ့ကလည်း မံစီမြို့ ဂေါင်ငူယန်တပ်စခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ကျော် လက်နက်ချခဲ့သည်။

https://www.facebook.com/VORLiveNews/videos/291504903933310

You may have missed