ဇန်နဝါရီ ၂၁၊ VOR
ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့ ရှိ စစ်တပ်စခန်းနှင့် ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နံနက် (၅)နာရီခန့်မှ ပြင်းထန်ခဲ့သော မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် KIA တပ်ရင်း(၁၂)နှင့် ရွှေကူ PDF၊ မိုးကြိုး တပ်ခွဲတို့လည်း ပါဝင်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၂၁ရက် နံနက်တွင် မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံက သိရသည်။
မဘိမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုများပြုလုပ်ခဲ့ပြီး ပြည်သူထိခိုက်မှုရှိမရှိကို တော့မသိရှိရသေးပေ။
ရှမ်းမြောက်ဒေသ မိုးမိတ်ခရိုင်တွင် မိုးမိတ်မြို့နှင့် မဘိမ်းမြို့ ၂မြို့သာပါဝင်ရာ လက်ရှိတွင် KIA ပူးပေါင်းတပ်က မိုးမိတ်မြို့သိမ်းတိုက်ပွဲ အပြင်းအထန်ဆင်နွှဲနေသဖြင့် ခရိုင်တစ်ခုလုံး KIA လက်ထဲ ကျရောက်နိုင်ချေရှိနေသည်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်