ဇန်နဝါရီ ၂၀၊ VOR
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကုန်းကြောင်း/ရေကြောင်း အသုံးပြုကာ အင်အား ၂ဝဝ ခန့်ဖြင့်စစ်ကြောင်းထိုး ကာ ပြည်သူများကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့နေသော စစ်ကောင်စီတပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံ PDF က ယမန်နေ့က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ၊ မွန်းလွဲ ၂:ဝဝ အချိန် ၊ ညနေ ၃ နာရီ ၃၀ မိနစ်နှင့် ညနေ ၄ နာရီ အချိန် ခန့်တို့တွင် ၅ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၁၆ ဦး အပြင်းထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု ၊ Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ ထားဝယ်နဂါးတပ်ခွဲ(၅) နှင့် Dawei Defense Team- DDTတပ်ခွဲ ၃ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီးစစ်ကောင်စီစစ်ကြောင်းမှ စွန့်ပစ်ခဲ့သော စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီး နှင့် လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိကြောင်း သိရသည်။
လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ကုန်းကြောင်း/ရေကြောင်း အသုံးပြုကာ အင်အား ၂ဝဝ ခန့်ဖြင့် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး ပြည်သူ ၃ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ကာ ကျေးရွာ ၈ ရွာမှ နေအိမ် ၁၃၂လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။






More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်