ဇန်နဝါရီ ၂၀၊ VOR
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၅ဦးကို ပိုင်းဖြတ်ကာရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၂၀ရက်နေ့တွင်လည်း ပြည်သူ ၁၀ဦးထပ်မံပျောက်ဆုံးနေကြောင်းဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံက သိရသည်။
ဇန်နဝါရီ(၁၈)ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က အင်အား (၈၀)ကျော်ဖြင့်စစ်ကြောင်းထိုး၀င်ရောက်ပြီး ပြည်သူ(၁၅)ဦးခန့်ကို ဖမ်းဆီးကာ လက်ယက်ကုန်းကျေးရွာမှ အမျိုးသား(၃)ဦးနှင့် အမျိုးသမီးတစ်ဦးကိုရက်ရက် စက်စက်သတ်ဖြတ်ခဲ့ကြပြီး ပိဋကတ်ကျ ကျေးရွာအနီးတွင် အမျိုးသားတစ်ဦးကို သတ်ဖြတ်ထားခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ် ပိဋကတ်ကျကျေးရွာအနီးတွင် မဲအိုကျေးရွာက ဖမ်းဆီးခံရတဲ့ပြည် သူတစ်ဦးရဲ့ ရုပ်အလောင်းတစ်လောင်းကိုဇန်နဝါရီ ၂၀ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့ရသဖြင့် သတ်ဖြတ်ခံရသည့် ပြည်သူ ၅ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဒီပဲယင်းရောက်နေသည့် မင်းအောင်လှိုင်ကျွန်အကြမ်းဖက်များသည် ဇန်နဝါရီ ၁၈ရက်နေ့က ပြည်သူများအိပ်ပျော်နေသည့်အချိန်တွင် မဲအိုးကျေးရွာကို အင်အားအလုံးအရင်းဖြင့်(အရပ်ဝတ်များဖြင့်) ဝင်ရောက်စီးနင်းပြီး ပြည်သူ(၅၀)ခန့်အား ဖမ်းဆီးခဲ့သည်ဟု သိရသည်။
၎င်းနောက် ပြည်သူများအထံမှ ရွှေ/ငွေ/ဖုန်း တန်ဖိုးရှိပစ္စညိးများ လုယက်ကာ ပြည်သူတချို့ကို ပြန်လွှတ်ပြီး ပြည်သူ (၁၅)ဦးခန့်အား ဓားစာခံ ဖမ်းဆီးကာ လက်ယက်ကုန်းကျေးရွာသို့ဝင်ရောက်ခဲ့သည်။
သတ်ဖြတ်ခံခဲ့ရသည့် မဲအိုးကျေးရွာမှ အမျိုးသား(၂)ဦးအား လက် ခြေ ခေါင်းများ အပိုင်းအပိုင်းဖြတ်တောက်ကာ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့ထားသည့် (Dead Body 2 ခု)နှင့် ကျန်အမျိုးသားတစ်ဦးအား ဓားဖြင့် မျက်နှာအား မွှန်းကာ လည်ပင်းကို အကြိမ်ကြိမ် ထိုးသွင်း နှိပ်စက် သတ်ဖြတ်ခဲ့ထားခဲ့သည်ကို တွေ့ရှိရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် အမျိုးသမီးတစ်ဦးကို နေအိမ်တစ်ခုတွင် နှိပ်စက်ထားပြီး သွေးအိုင်မှ ဒရွတ်ဆွဲခေါ်ကာ အခြားနေအိမ်တစ်လုံးတွင် ထည့်သွင်းမီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
စုစုပေါင်းပြည်သူ (၄) ဦး၏ ရက်ရက်စက်စက် အသတ်ဖြတ်ခံထားရသည့် Dead Body (၄)ခုကို တွေ့ရှိခဲ့ရကာ အခြားပျောက်ဆုံးနေသည့်ပြည်သူများလည်းရှိနေပြီး ပြည်သူများ အသက်လုတိမ်းရှောင်နေရမှုအခြေအနေကြောင့် အသေးစိတ်မသိရသေးသလို လက်ယက်ကုန်းကျေးရွာအတွင်း ရှင်းလင်းရေး မလုပ်ဆောင်နိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီပဲယင်းနယ်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ စစ် ကြောင်းထိုး ၀င်ရောက်လာတာကြောင့် မဲအို၊လက်ယက်ကုန်း၊မူခံတွင်း၊ညောင်လှ စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်